TdSAN

ပုံလှလှလေးတွေ အပ်ဖို့အဆင်သင့်ပဲလား၊ ဆွဲပေးဖို့တော့ ရယ်ဒီပါပဲ ^^

ချစ်ရသူကို ပုံလက်ဆောင်ပေးဖို့လား၊ ကိုယ့်အတွက်ပဲ သိမ်းထားဖို့လား။ ပစ္စည်းလေးတွေ လက်ဆောင်ပေးတတ်ကြသလို ပန်းချီလက်ဆောင်လေးတွေကိုလည်း မေ့ထားလို့မရပါဘူး။ တန်ဖိုးထားသူအတွက် အပ်လို့ရတဲ့ ပုံစံလေးတွေအကြောင်း ဆက်ဖတ်ကြည့်နော်။


✨ ပေါ့ပေါ့ပါးပါး Watercolor ပုံစံလေး 5x7" | 20000


✨ ဆေးသားပျစ်ပျစ်၊ စုတ်ချက်ထင်းထင်းနဲ့ Gouache ပန်းချီ 5x7" | 30000


✨ ပိုက်ဆံအိတ်ထဲ ထည့်မလား၊ Journaling ထဲ ထည့်မလား ပုံပုစိလေးတွေ 3x3" | 9000


✨ ရှုခင်းအပြင် လူပုံလေးတွေပါ အပ်ချင်ရင် Digital နဲ့ အပ်လို့ရပါတယ် | 20000~50000

Stylized Art Style နဲ့ ဆွဲပါတယ်၊ ဒီ့အပြင် ကိုယ်ကြိုက်တဲ့ သီချင်း၊ ဇာတ်ဝင်ခန်းထဲက Scene လေးတွေလည်း အပ်လို့ရပါတယ်။

စည်းမျဥ်းလေးတွေရယ်၊ ဘယ်ကနေ အပ်ရမလဲရယ်ကို ဒီကနေ ဝင်ကြည့်ပေးနော် ⤵️

TOS - General, Payment & Time, Revisions, Refund, Copyright

ဆွဲသည်မဆွဲပါ
လူပုံstylizedပုံတူ realism
သဘာဝရှုခင်းများ၊ ဓာတ်ပုံထဲမှ အမှတ်တရများစက်ပစ္စည်း၊ ယာဥ်များ
စိတ်ကူးထဲက နေရာလေးအခြားအားတစ်၏ ပုံအား ပြင်ဆွဲခြင်း
အကောင်လေးတွေ၊ သစ်ပင်ပန်းမန်AI reference အတိုင်း ချွတ်စွပ်ကူးဆွဲခြင်း

အသိပေးချက်နှင့် စည်းမျဉ်းများ🔹Traditional commissions က စာရွက်သားပေါ်မှာ ဆွဲတာဖြစ်ပါတယ်။ ပြီးရင် deli လက်ထဲ သေချာအပ်ပေးပါတယ်။
🔸Digital art commission အတွက် ပုံကို Digital format (jpeg or psd with 300dpi) နဲ့ ပို့ပေးပါတယ်
🔸ဖော်ပြပါနှုန်းများသည် စီးပွါးဖြစ်အတွက်မဟုတ်ပါ၊ Personal Use အတွက်သာ ဖြစ်ပါတယ်။
🔸နမူနာပြထားတဲ့ ကိုယ်ပိုင်စတိုင်လ်များနဲ့သာ ဆွဲပေးမှာပါ။
🔸 Wavepay/AYApay ကနေ ငွေလက်ခံပါတယ်
🔸 ပုံအပ်မယ်လို့ အတည်ပြုပြီးတာနဲ့ ငွေတစ်ဝက်ဖြစ်စေ အရင်ကြိုရှင်းရပါမယ်၊ ပုံပြီးသွားတဲ့အခါ ကျန်ငွေရှင်းပြီးမှသာ ပုံကို ဂျီမေးလ် သို့ ပုံအပ်သူအဆင်ပြေမယ့် မီဒီယာပလက်ဖောင်းကနေတစ်ဆင့် ပို့ပေးပါတယ်နော်။
🔸 စောင့်ရန် ကြာချိန် ၁ပတ်
🔸 ပုံဆွဲစဉ် အဆင့်ဆင့်ကို မကြာခဏပြပေးမှာပါ၊ မကြိုက်တဲ့အပိုင်းများရှိရင် ဒီအဆင့်တွေအတွင်း ပြောပေးပါ (ပုံအားလုံးပြီးသွားတော့မှ အစကနေပြန်ပြန်ပြင်ဖို့က မဖြစ်နိုင်လို့ ကြိုပြီးမေတ္တာရပ်ခံတာပါ >_<)
🔸 ပုံကြမ်း စပြီး မဆွဲခင် အော်ဒါကို ပယ်ဖျက်နိုင်ပါတယ်၊ စရံငွေအားလုံး ပြန်ပေးပါမယ်။
🔸 ပုံစဆွဲနေတဲ့အချိန်အတွင်း ပုံအပ်သူဘက်ကနေ အော်ဒါကို ပယ်ဖျက်မယ်ဆိုရင် ငွေပြန်မအမ်းပါ၊သို့သော် အားတစ်ဘက်မှ အရေးပေါ်အခြေအနေများရှိလာခဲ့လို့ ပုံမပြီးနိုင်ဘူးဆိုရင်တော့ ငွေပြန်အမ်းပေးပါတယ်။
🔸 ပုံ၏ မူပိုင်ခွင့်အားလုံး ကို မူရင်းရေးဆွဲသူမိမိသာ ပိုင်ဆိုင်ပါတယ်။
🔸 ဤပုံများကို အားတစ်၏ အကောင့်များတွင် ကော်မစ်ရှင်ပုံအနေနဲ့ တင်ခွင့်ရှိပါတယ်၊ ပုံအပ်သူဘက်မှလည်း တင်တဲ့အခါ မူရင်းရေးဆွဲသူကို စီလျော်စွာ ခရစ်ဒစ်ပေးပြီး တင်နိုင်ပါတယ်။
🔸 ပုံအပ်သူက ဤပုံများကို အခြားနေရာများတွင် ပြန်လည်အသုံးပြုရောင်းချခြင်း မလုပ်ပါရန်၊ အေအိုင်ထရိန်းနင်း၊ NFT စတဲ့နယ်ပယ်များတွင်လည်း အသုံးပြုခြင်း မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။
🔸 အားတစ်၏ ခွင့်ပြုချက်မပါဘဲ ပုံကို ပြောင်းလဲပြင်ဆင်ခြင်း၊ မိမိ၏ လက်မှတ်တို့ကို ဖျက်ပစ်ခြင်း စသည်တို့ကို မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။
( အသိပေးစည်းကမ်းချက်များကို ကြိုတင်ဖတ်ရှုပြီး သဘောတူလိုက်နာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Client ရဲ့မက်ဆေ့ချ်ကို စံလိုင်းသုံးတဲ့အခါ ချက်ချင်းစာပြန်ပေးပါ့မယ်၊ စိတ်ရှည်ရှည်နဲ့စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်) ^^

မင်္ဂလာပါ၊ TdSANပါ၊ သူငယ်ချင်းတွေကတော့ စံ လို့ ခေါ်ကြပါတယ်။ ပန်းချီနဲ့ပတ်သက်တဲ့ ပန်းတိုင်ကတော့ ပျော်ပျော်ကြီး ပုံဆွဲဖို့နဲ့ ဝင်ငွေဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်။ စံ့ရဲ့ ပန်းချီတွေကို ကြိုက်ပေးကြလို့ ပျော်ရွှင်မိပါတယ် 🫶
ပုံအပ်တာနဲ့ ပတ်သက်ပြီး မေးစရာများရှိရင် telegram ဒါမှမဟုတ် [email protected] ကနေတစ်ဆင့် စာပို့ထားလို့ရပါတယ်။ လိုင်းသုံးတဲ့အခါ ချက်ချင်းစာပြန်ပေးပါမယ်နော်။ ပုံလေးတွေကို ကြည့်ချင်ရင်လည်း ဒီ Social Media တွေမှာ စောင့်ကြည့်ပေးပါဦး ^^